ငါးသိုင်းချောင်း၊ ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာတွင် ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ပြောင်းရွေ့နေအိမ်များအာ ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဂျင်ဘရောင်း ဒေါ်ခင်ခင်ငြိမ်းသန့် အကြီးတန်းစာရေး တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ သရက်ချောင်း ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာတွင် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ၅၀၀၀၀ဝ ၊ စုစုပေါင်းလူဦးရေ ၂၀ အတွက် ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေ (၄၂၀၀ဝ)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေကျပ် ၅၄၂၀၀ဝ အား ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ခွဲအချိန် က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများရှေ့၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းတင့် ရေကြည်


