နေပြည်တော်၊  ၁၄  ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီက မိုးညှင်းမြို့၊ အောင်သပြေ (၃) ရပ်ကွက်၊ အိမ်အမှတ် (၃/၈၆-က) နေ တူးအောင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၄၀ သိမ်းဆည်း ရမိခဲ့သဖြင့် တူးအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

သတင်းစဉ်