၁၄ ဒီဇင်ဘာ
ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာတွေမှာ လေးနေရာမှ တစ်ခုတွင် ရေအလုံအလောက်မရှိခြင်းဟာ လူပေါင်း ၁.၈ ဘီလီယံအား ဗိုင်းရပ်စ်ပိုး ကူးစက်မှုလာနိုင်စရာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီနေ့ (တနင်္လာနေ့)မှာ သတိပေး ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတွေမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေအလုံအလောက် မရှိခြင်းဟာ လူနာတွေနဲ့ စောင့်ရှောက်ရေးလုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း UNICEF နဲ့ WHO တို့ ပူးတွဲလေ့လာရာမှ တွေ့ရှိတာဖြစ်ပါတယ်။
အခုလေ့လာချက်ကို နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှ အချက်အလက်တွေ အခြေခံကြောင်း၊ ကျန်းမာရေး စောက်ရှောက်မှုပေးနေတဲ့ နေရာတွေမှာ ရေအလုံအလာက်မရှိခြင်းဟာ ဆရာဝန်တွေ၊ သူနာပြုတွေအား PPE မပါဘဲ အလုပ်လုပ်ခိုင်းသလိုမျိုး ဖြစ်နေကြောင်း WHO ရဲ့ အကြီးကဲ က ပြောပါတယ်။
UNICEF ရဲ့ အကြီးအကဲကလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသမှုခံယူနေသူတွေအတွက် သန့်ရှင်းတဲ့ရေ၊ လုံခြုံတဲ့ အိမ်သာနဲ့ ဆပ်ပြာအလုံအလောက်မရှိခြင်းဟာ သူတို့ အားလုံးအတွက် အသက်ကိုပါခြိမ်းခြောက်နေကြောင်း ပြောပါတယ်။
ကမ္ဘာမှာ တိုးတက်မှု အနည်းဆုံးနိုင်ငံပေါင်း ၄၇ နိုင်ငံရှိ ကျန်းမာရေးစောက်ရှောက်မှုပေးနေတဲ့ နေရာ တစ်ဝက်လောက်မှာ သောက်ရေ အလုံအလောက်မရှိခြင်း၊ လေးပုံတစ်ပုံမှာ သုံးရေမရှိခြင်းနဲ့ ငါးပုံသုံးပုံမှာ သန့်ရှင်းရေးလုပ်ဆောင်ရမယ့် အခြေခံပစ္စည်း မရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
