ဒီဇင်ဘာ ၁၅
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နှင့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်တွင် မဲခွဲရွေးချယ်ခဲ့သည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တွေ့ဆုံသည့် အသင်းများမှာ အတ္တလန္တာနှင့် ရီးရဲမက်ဒရစ်၊ အက်သလက်တီကိုနှင့် ချယ်ဆီး၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီ၊ မိုချန်ဂလာဘတ်နှင့် မန်စီးတီး၊ ပေါ်တို နှင့် ဂျူဗင်တပ်စ်၊ လာဇီယိုနှင့် ဘိုင်ယန်မြူးနစ်၊ လိုက်ဖ်ဇစ်နှင့် လီဗာပူး၊ ဆီဗီလာနှင့် ဒေါ့မွန်တို့ တွေ့ဆုံခဲ့သည်။ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၀ ရက်တွင် ယှဉ်ပြိုင်သွား မည်ဖြစ်သည်။
ယူရိုပါလိဂ် ၃၂ သင်းအဆင့်တွေ့ဆုံသည့် အသင်းများမှာ ဘင်ဖီကာနှင့် အာဆင်နယ်၊ ဘရာဂါနှင့် ရိုးမား၊ ဒိုင်နမိုကိဗ်နှင့် ကလပ်ဘရု၊ ခရက်စ်ဒိုဒါနှင့် ဒိုင်နမိုဇာဂရက်၊ ကာဗီနာနှင့် အေစီမီလန်၊ ဂရန်နာဒါနှင့် နာပိုလီ၊ လိုင်လီနှင့် အိုင်းယက်စ်၊ မက္ကာဘီတဲအဗစ်နှင့် ရှက်တာဒိုးနက်စ်၊ မိုလ်ဒီနှင့် ဟော်ဖန်ဟိမ်း၊ အိုလံပီယာကို့စ်နှင့် PSV ဆိုစီဒက်နှင့် မန်ယူ၊ အန့်ဝပ်နှင့် ရိန်းဂျားစ်၊ ဆော့လ်ဘတ်နှင့် ဗီလာရီးရဲလ်၊ ဆလားဗီးယားပရက်နှင့် လက်စတာ၊ ဝုဗ်ဘာကာနှင့် စပါး၊ ယန်းဘွိုင်းစ်နှင့် လေဗာကူဆင်တို့ တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ပထမအကျော့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကာ ဒုတိယ အကျော့ ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၆ တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သီဟ