၁၅ ဒီဇင်ဘာ
နယူးဇီလန်နိုင်ငံ ကာကိုရာအာမြို့တွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရှိ ကာကိုရာအာမြို့၏မြောက်ဘက် ကီလိုမီတာ ၆၀ အကွာ ကီကာရန်ဂူးမြစ်ဝ အနီးတွင် ယနေ့ လူငါးဦး လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သည်။
အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ထိုပျက်ကျမှု ဖြစ်ပွားရာ နေရာတွင် အခြားသော အရေးပေါ် ဆောင်ရွက်စရာများ လုပ်ကိုင်နေပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ဖြစ်နိုင်သရွေ့ မြန်မြန်ရရှိရန် လုပ်ဆောင်မည်ဟု ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
