အထက်မင်းလှ၊ ၁၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ် ၁၀ သန်းအောက် လုပ်ငန်းဖြစ်သည့် တာဘောင်ကြီးလမ်း တံတားအမှတ်(၁) တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ တာဘောင်ကြီးလမ်းတွင် ပြုလုပ်သည့်တံတားအမှတ်(၁)တည် ဆောက်ခြင်းအလျား ပေ ၃၀၊ အနံ ၃ ပေ၊ ထု ၂ ပေခွဲရှိ ကွန်ကရစ် တံတားတည်ဆောက်ခြင်းခွင့်ပြုရန်ပုံငွေကျပ် (၂၅)သိန်းဖြင့် ကွန်ကရစ်တံတား တည်ဆောက်လျက်ရှိပြီး ဒီဇင်ဘာ ၃၀ ရက်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဇာဇာ(အထက်မင်းလှ)


