ဘိုကလေး၊ ၁၅  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယခင်နှစ်ပေါင်းများစွာ ကတည်းက မြို့နေလူထုကြီး၏ သောက်ရေကန်အဖြစ် အဓိကအားထား သောက်သုံးခဲ့သည့် မဟာသီလဝံ ကန်တော်ကြီးမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သည့်အတွက် ယခုအချိန်တွင် ရေများသန့်ရှင်းမှုမရှိခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များ ပေါများခြင်းတို့ ဖြစ်ပေါ်နေသည့်အတွက် စေတနာ့ လုပ်အားရှင်များမှ ပြန်လည်ပြုပြင် ဆောင်ရွက်နေကြသည်။

 

အဆိုပါ မဟာသီလဝံကန်တော်ကြီးကိုအမှီပြု၍ မြို့နေပြည်သူများ သန့်ရှင်းစွာ ရေသုံးစွဲနိုင်ရေးအတွက် ကန်အတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူဆောင်ရွက်ခြင်း၊ ကန်ကြီး၏ ဘောင်ပေါ်မှ ခြုံနွယ် ပိတ်ပေါင်းများအား ရှင်းလင်းကာ စေတနာ့လုပ်အားရှင်များမှ လုပ်အားဒါနများဖြင့် မဟာသီလဝံ ကန်တော်ကြီးအား တက်ညီလက်ညီ ပြန်လည်ပြုပြင် ဆောင်ရွက်နေကြကြောင်း ၊ ပြန်လည်ပြုပြင် ဆောင်ရွက်သည့်နေရာတွင် လိုအပ်သည်များ ကျခံသုံးစွဲနိုင်ရေးအတွက် အလှူရှင်များမှလည်း ကူညီလှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)