လက်ပံတန်း၊ ၁၅ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းသားရေးရာဝန်ကြီး ဒေါ်နော်ဖွယ်စေးသည် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့် သက်ဆိုင်ရာဌာနများ၊ ကရင်တိုင်းရင်းသား တို့နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကရင်တိုင်းသားရေးရာဝန်ကြီးက ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြို့နယ်အတွင်းရှိ ဖွံဖြိုးရန်လိုအပ်သည့် နေရာများတွင် လျှပ်စစ်မီးရရှိ ရေး၊ လမ်း/တံတားများ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရန် လိုအပ်ချက်များအား အဆိုပြု တင်ပြပေးရန်ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ဂုံမင်းကွင်းအုပ်စု၊ ဂုံမင်းကွင်းရွာထိပ်ရှိ သံကူကွန်ကရစ် တံတား ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


