၁၅ ဒီဇင်ဘာ

 

 

ဂျပန်ဝန်ကြီးချုပ် ဆူဂါ က အစိုးရ အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ခရီးသွားလှုပ်ရှားမှုကို ယာယီဆိုင်းငံ့ထားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

 

ထိုကြေညာချက်သည် ယခုနှစ်ကုန်ပိုင်းနှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

 

ယမန်နေ့ညနေပိုင်းက အစိုးရအဖွဲ့ အစည်းအဝေးတွင် ထိုကဲ့သို့ကြေညာခဲ့သည်။

 

 

ခရီးသွား လှုပ်ရှားမှုများကို ချန်လှပ်ပြီး စီမံချက်များ ဆက်လက်လုပ်ဆောင်ရန် ဟူသော ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ အကြံပေးအဖွဲ့၏ အာဏာပိုင်များထံ အကြံပြုချက်ကို ပြန်ကြားရန် ၎င်းအစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

 

တစ်နိုင်ငံလုံးအနှံ့ ရောဂါကူးစက်မှုများ ဆက်လက်မြင့်မားနေသည်ဟု ဆူဂါက ထောက်ပြပြောဆိုခဲ့သည်။

 

 

ဆူဂါက တိုကျိုနှင့်နာဂိုယာမြို့သို့ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ခရီးသွား ထောက်ပံ့ငွေများကို ရပ်နားရန် အစီအစဉ်များကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ခရီးသွားခြင်း မပြုကြရန် ဒေသခံများအား မေတ္တာရပ်ခံခဲ့သည်။

 

 

အိုဆာကာနှင့် ဆပ်ပိုရိုမြို့များတွင် ရောဂါကူးစက်မှုများ မြင့်မားလာသောကြောင့် ထိုခရီးသွား လှုပ်ရှားမှု အစီအစဉ်မှ ၎င်းမြို့များ ချန်လှပ်ခံထားရပြီး ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို