၁၅ ဒီဇင်ဘာ
ဗြိတိန်ရဲ့ မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုနှုန်းဟာ မြင့်မားနေတဲ့အတွက် ဗုဒ္ဓဟူးနေ့ကစပြီး ရောဂါပိုး ထိန်းချုပ်ရေး အမြင့်ဆုံး စည်းမျဉ်းဖြစ်တဲ့ အဆင့် ၃ အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကျန်းမာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားပါတယ်။
အင်္ဂလန် လူဦးရေ ၃၄ သန်းထဲက လူဦးရေ ၁၀.၈ သန်းဟာ ဗုဒ္ဓဟူးနေ့ ၀၀:၀၁ နာရီကစပြီး တားမြစ်မှု စည်းမျဉ်း အဆင့် ၃ အောက်မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။
တားမြစ်မှု စည်းမျဉ်း အဆင့် ၃ အောက်မှာ စားသောက်ဆိုင်တွေ၊ ဘုံဆိုင်တွေဟာ ပါဆယ်သာ ရောင်းခွင့်ရှိကြောင်း၊ ပြဇတ်ရုံတွေ၊ bowling ကစားကွင်းတွေနဲ့ ရုပ်ရှင်တွေဟာ ပိတ်ထားရမှာ ဖြစ်ပါတယ်။
လူမြင်ကွင်းမှာ လူ ၆ ဦးထိ စုဝေးခွင့် ရှိနေပေမယ့် အိမ်တွင်းမှာ မိသားစုဝင် မဟုတ်သူတွေအား စုဝေးခွင့် ကို တားမြစ်ထားပါတယ်။ ကျောင်းနဲ့ ဈေးဆိုင်တွေအား ဆက်လက်ဖွင့်ခွင့်ရှိကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးက အခုလို တားမြစ်လိုက်တာဟာ လိုအပ်တဲ့အတွက် ပြဋ္ဌာန်းရတာဖြစ်ကြောင်း၊ လူတွေအား အန္တရာယ်ကင်းစေချင်တဲ့ အတွက်သာမကဘဲ ရေရှည်မှာ ဖြစ်လာမယ့် ပြဿနာတွေကိုပါ ကာကွယ်ချင်အတွက် စည်းမျဉ်းစည်းကမ်း အဆင့်ကို မြှင့်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။
လန်ဒန်မြို့တော်ဝန်ကလည်း အခုလို တားမြစ်စည်းကမ်း တိုးမြှင့်လိုက်တာဟာ စီးပွားရေး လုပ်ငန်း တွေအတွက် သိပ်ကို စိတ်ပျက်စရာ အခြေအနေဖြစ်ပေမယ့် တားမြစ်တွေ စောစောလုပ်ခြင်းဟာ နောက်ကျမှ လုပ်ဆောင်ခြင်းထက် ပိုကောင်းကြောင်း ပြောပါတယ်။
လန်ဒန်တွင် ပိုးတွေ့သူ ပမာဏဟာ ၂၀၁,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၇,၀၀၀ ကျော်ရှိကြောင်း၊ ဗြိတိန်နိုင်ငံ တစ်ခုလုံးမှာ ပိုးတွေ့ရှိသူ ၁.၈ သန်း နဲ့ သေဆုံးသူ ၆၃,၀၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။
MDN
ကိုးကား -AFP