လှိုင်းဘွဲ၊   ၁၅   ဒီဇင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လှိုင်းဘွဲ-ရှမ်းရွာသစ် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ် ကြာအင်းရွာမှ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၁၄၆ ဒသမ ၈၂၂ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင် လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဉီးစောချစ်ဉီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက  ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကြာအင်းကျေးရွာ လှိုင်းဘွဲ-ရှမ်းရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွက်  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)