နေပြည်တော်၊   ၁၅       ဒီဇင်ဘာ

 

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က အခမ်းအနားကျင်းပမည့် လုပ်ငန်စဉ်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဌာနကြီးမှူး (အင်ဂျင်နီယာ) ဦးတင်အောင်ငွေနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြကြရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

ဇော်မင်းလွင်(ပြန်/ဆက်)