ကြာအင်းဆိပ်ကြီး၊ ၁၅ ဒီဇင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာတွင် ညောင်အမျိုးအနွယ် သစ်ပင်ကြီးတစ်ပင်အား သက်ဆိုင်ရာဦးစီးဌာနနှင့်ဒေသခံပြည်သူများမှ သက်တမ်းရင့်ပင် စာရင်းဝင်နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းနိုင်စေရေးအတွက် အပင်အမြင့်ပေနှင့် အပင်လုံပတ်တိုင်းတာခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်အမျိုးအနွယ် သစ်ပင်ကြီးကို ဒီဇင်ဘာ ၁၃ ရက်နေ့က မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဒေသခံများက မြေပြင်အမြင့်(၄)ပေကျော်မှ စပြီးတိုင်တာရာ အပင်အမြင့်ပေ (၁၇၀) ၊လုံပတ် (၁၁၄) ပေ ရှိကြောင်း သိရသည်။
ယင်းသစ်ပင်ကြီးကို တိုင်းတာပြီး ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် သက်တမ်းရင့်အပင်စာရင်းဝင် ဖြစ်လာနိုင်စေရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ဒေသခံပြည်သူများမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်


