ပင်လောင်း၊ ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ကြေးပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၉ စုမှ ထောက်ပံ့ကြေး လာရောက်ထုတ်ယူရန် ကျန်ရှိနေသော ကိုယ်ဝန်ဆောင်မိခင် ၁၀၆ ဦးအတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း ငွေကျပ် ၂၆၁၀ဝ၀ဝ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယူနီဆက်မှ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ လှူဒါန်းထားသည့် ကလေးကစားစရာပစ္စည်းအိတ်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနရှိ ဝန်ထမ်းများ၏ အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအတွက် ကစားစရာပစ္စည်း ၆၅ စုံကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)


