၁၅ ဒီဇင်ဘာ

 

 

ချက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် နိုင်ငံတစ်ဝန်းမှာ ခရစ္စမတ်ချိန်အတွင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေအား ပိတ်ခိုင်းထားသလို ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ကြောင်း တနင်္လာနေ့က ပြောကြားပါတယ်။

 

 

ဒီဇင်ဘာ ၁၈ ရက်နေ့စပြီး အဆောက်အအုံ အတွင်း၊ အပြင်မှာ စုဝေးခွင့်ကို ၆ ဦးသာ သတ်မှတ်လိုက်ပြီး အဆောက်အအုံ ပြင်ပတွင် အရက်သေစာ သောက်စားခြင်းကို ပိတ်ပင်ကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ်က အခုလို အမိန့်ထုတ်ပြန်တဲ့အတွက် လူအများအပြားအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းသက်ရောက်မှာ သိကြောင်း၊ ဆိုင်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လက် ဖွင့်ခွင့်ပေးမယ့်အကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

လူဦးရေ ၁၁ သန်း နေထိုင်တဲ့ ချက်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မှ စပြီး နိုင်ငံသား အားလုံးအား ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။

 

 

ရောဂါ ကာကွယ်ဆေးဟာ ဒီလကုန်ပိုင်းမှာ ပထမအသုတ် ရောက်ရှိမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

ချက်နိုင်ငံတွင် အခုသီတင်းပတ်တွေအတွင်း နေ့စဉ် ရောဂါပိုးတွေ့ရှိသူ ၆,၀၀၀ နီးပါရှိရာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၅၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၉,၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား -AFP