နောင်ချို၊ ၁၅ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်  ပြည်သူ့ဆေးရုံ၌ ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ်က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊  ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး စိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ မြို့နယ်ကိုဗစ်-၁၉ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်အတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုတို့က လက်ခံရယူသည်။

 

ထွေးငယ်(ပြန်/ဆက်)