ဆွမ်ပရာဘွမ်၊ ၁၅ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ KG တန်း မှ စတုတ္ထတန်းအထိ ကလေးငယ်များအား အဟာရမုန့်များဖြန့်ဝေပေးမှုကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဆွမ်ပရာဘွမ်မြို့နယ် အထက ကျောင်းတွင် ပြုလုပ်ခဲ့သည်။
WFP(World Food Programme)မှ ထောက်ပံ့သော အာဟာရမုန့်များကို KG တန်း မှ စတုတ္ထတန်းအထိ ကျောင်းသား/ ကျောင်းသူ ၉၀ အား လစဉ်ဖြန့်ဝေပေးလျက် ရှိသည်။ အဆိုပါမုန့်များအား အထက ဆွမ်ပရာဘွမ်မြို့နယ်မှ ဆရာမ ဒေါ်နီနီထွန်းနှင့် ဆရာမ ဒေါ်ထုဆိုင်းတို့က တာဝန်ယူဖြန့်ဝေပေးခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းများပိတ်ထားသည့်အတွက် အဆိုပါမုန့်များအား မြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းသားမိဘများအား ဖြန့်ဝေပေးမည့်ရက်ကို ကြိုတင်အကြောင်းကြား၍ ဖြန့်ဝေပေးလျက်ရှိကြောင်း ဆရာမ ဒေါ်နီနီထွန်းက ပြောပြသည်။
ကုဋေ(ပြန်/ဆက်)


