မန္တလေး၊ ၁၅ ဒီဇင်ဘာ
မီးသင့်လောင်ကျွမ်းခဲ့သည့် ရတနာပုံဈေး Skywalk အထပ်ကို ပြန်လည်ပြုပြင်နေပြီး ယခုလအကုန်တွင် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရတနာပုံဈေးရှိ Skywalk ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်း ၁၂၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ဒီလအကုန် ကွန်ကရစ် ဆက်လောင်းပြီးသွားရင် ပြီးတာနဲ့ ဓာတ်လှေကား၊ စက်လှေကားတွေ ဆက်ပြင်သွားမယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မီးသင့်ဒဏ်ကြောင့် ခိုင်မာမှုလျော့ကျသွားသည့် ကြမ်းခင်းပိုင်း မျက်နှာကျက်တွေကို ကျွမ်းကျင်အင်ဂျင်နီယာများက တစ်ကန့်ချင်း စနစ်တကျ ပြန်လည်စစ်ဆေးနေပြီး ကြံ့ခိုင်မှုမရှိသည့် နေရာများကို ဖြိုဖျက်ပြီး အသစ်ပြုပြင်နေသည်ဟု ဆိုသည်။
ဖြိုးအိ