ဟားခါး၊ ၁၆ ဒီဇင်ဘာ
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒုတိယအကြိမ်အဖြစ် ကယ်တင်ရှင်သခင် “ယေရှု” ခရစ်တော် ဤလောကသို့ လူ့ဇာတိခံယူ၍ ဖွားမြင်ခြင်း ဝမ်းမြောက်ဖွယ် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆက်ကပ် ဆုတောင်းခြင်းနှင့် ညစာ စားပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ဒီဇင်ဘာ ၁၈ ရက်တွင် ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ခရစ္စမတ်ပွဲတော် ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
ခမ်လျန်ဆုမ်း(ဇလပ်မြေ)


