နမ္မတူ ၊ ၁၆ ဒီဇင်ဘာ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာရှိ ရွှေစကားဝါမြေ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် စာရေးများက နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ နားဆိုင်း ကျေးရွာအုပ်စု နမ့်ပိုင်၊ ပိန်းထွမ်ကျေးရွာ၊ နမ့်တောင်ကုန်း ကျေးရွာအုပ်စုရှိ နားကျဲ၊ နားကျိုင်းကျေးရွာ၊ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာ များမှ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၃)စုမှ ကျား (၁၁၇)ဦး၊ မ (၂၂၂)ဦး၊ စုစုပေါင်းလူဦးရေ (၃၃၉)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၁)ဦးလျှင် (၂၁၀ဝ)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၁၁၉၀ဝ)ကျပ်အား ယာယီတိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


