မုံရွာ ၊  ၁၆ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ဂျုံသီးနှံ (၇၆၀၆၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဂျုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာခရိုင်အတွင်းရှိ မုံရွာနှင့် ချောင်းဦးမြို့နယ်တို့တွင် (၇၁၃၈)ဧကကို လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြောင်၊ မြင်းမူနှင့် စစ်ကိုင်းမြို့နယ်တို့တွင် (၃၈၆၀၇)ဧက ကို လည်း ကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦးနှင့် ဒီပဲယင်းမြို့နယ်တို့တွင် ဧက (၂၆၄၇၀) ကို လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးနှင့် ကနီမြို့နယ်တို့တွင် (၃၈၂၅) ဧကကို လည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့နယ်တွင် (၂၁)ဧကကို လည်းကောင်း၊ တမူးခရိုင် အတွင်းရှိ ခမ်းပတ်မြို့နယ်ခွဲတွင် (၁)ဧကကို လည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့နယ်တွင် (၅)ဧက ကို လည်းကောင်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်တွင် (၁၆၁၂၄)ဧကကို လည်းကောင်း၊ စစ်ကိုင်းခရိုင်တွင် (၅၀၃၅၂)ဧကကို လည်းကောင်း၊ ယင်းမာပင်ခရိုင်တွင် (၁၅၅၃၃)ဧကကို လည်ကောင်း၊ ရွှေဘိုခရိုင်တွင် ဧက (၂၉၄၂၀) ကို လည်းကောင်း၊ ကလေးခရိုင်တွင်(၂၇၈၃) ဧကကို လည်းကောင်း၊ တမူးခရိုင်တွင် ဧက (၂၀) ကို လည်းကောင်း၊ ခန္တီးခရိုင်တွင် (၆၈)ဧကကို လည်းကောင်း၊ စုစုပေါင်း ဂျုံ ဧက (၁၁၄၃၀၀) စိုက်ပျိုးရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)