၁၆ ဒီဇင်ဘာ
အမေရိကန် ဆေးဝါး စည်းမျဉ်းစည်းကမ်း အဖွဲ့က Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး အစွမ်းထက်ကြောင်း အချက်အလက်တွေအား အင်္ဂါနေ့မှာ အတည်ပြု ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအတွင်းမှာ အရေးပေါ် အသုံးပြုခွင့်အား FDA မှ ခွင့်ပြုနိုင်ကြောင်း သိရပါတယ်။
Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးဟာ ၉၄ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း စည်းမျဉ်းစည်းကမ်းအဖွဲ့ က ပြောကြားပါတယ်။
အမေရိကန်နိုင်ငံမှာ Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးအား FDA မှ သုံးစွဲခွင့် ခွင့်ပြုမယ်ဆိုရင် ဒုတိယမြောက် ကာကွယ်ဆေးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးကလည်း လူတစ်ဦးကို ဆေး နှစ်လုံးထိုးရန် လိုအပ်ပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးနဲ့ ဒုတိယအကြိမ် ကာကွယ်ဆေးဟာ သီတင်း လေးပတ် ခြားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးဟာ အပူချိန် - ၂၀ °C အတွင်းမှာ သိမ်းဆည်းရန် လိုအပ်ကြောင်း သိရပါတယ်။
Moderna ထုတ်ဆေးဟာ အသက် ၁၈ နှစ်ကျော်တဲ့ အရွယ်ရောက်ပြီးသူတိုင်း ထိုးရန် ခွင့်ပြုထားပေမယ့် Pfizer ထုတ် ကာကွယ်ဆေးကတော့ အသက် ၁၆ နှစ်အထက် ထိုးနှံခွင့် ရှိတာကို တွေ့ရပါတယ်။
FDA ကနေ Moderna ဆေးအား အရေးပေါ်အသုံးပြုခွင့် ပေးခဲ့မယ်ဆိုရင် လာမယ့် တနင်္လာနေ့မှာ စတင်ထိုးနှံပေး နိုင်မယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ဒုတိယလှိုင်းဟာ အမေရိကန်နိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ အများအပြားကို ဖြစ်စေခဲ့ပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အလျင်အမြန် စစ်ဆေးနိုင်တဲ့ မိနစ် ၂၀ အတွင်း အဖြေရနိုင်သော ရောဂါပိုးစစ်ဆေးတဲ့ ကိရိယာကို နေအိမ်မှာ အသုံးပြုခွင့်အား မနေ့က(အင်္ဂါနေ့) က FDA က ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP