နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက မြန်မာနိုင်ငံအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ ပေးအပ်သော ဖွံ့ဖြိုးမှုအကူအညီများ အား ထိရောက်စွာအသုံးချနိုင်ရေးအတွက် Development Assistance Policy ဖြင့် စိစစ်၍ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit-DACU) ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် စီးပွားရေးထိခိုက်မှုများအား ပြန်လည်ကုစားရေးလုပ်ငန်းများ ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလယ်အလတ် ကာလမှသည် ကာလရှည် အတွက် ကိုဗစ်-၁၉ ကာလအလွန်တွင် ဆောင်ရွက်မည့် မြန်မာစီးပွားရေးခိုင်မာရေးနှင့် ပြုပြင် ပြောင်းလဲရေး စီမံချက် (Myanmar Economic Resilience and Reform Plan –MERRP) အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ MERRP သည် Myanmar Sustainable Development Plan (MSDP) ၏ Goal 2 နှင့် Goal 3 တို့နှင့် အဓိက ချိတ်ဆက်အကောင်အထည် ဖော်မည့် အစီအစဉ် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် UNHCR နှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့် ရှိပါကြောင်းနှင့် ဤဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် Ms. Hai Kyung Jun က မြန်မာနိုင်ငံမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား UNHCR က ပူးပေါင်းကူညီ ဖြေရှင်းပေးသွားလိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် Public-Private Partnership ပုံစံဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ဖွံဖြိုးရေး အတွက် ပူးပေါင်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင် စဉ်အတွင်း အများပြည်သူအတွက် အထောက်အပံ့ကောင်းများပေးနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


