ရန်ကုန် ၁၆ ဒီဇင်ဘာ
စင်္ကာပူနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပမည့် (၉)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဒေသတွင်းအဆင့် ASEAN Quiz-Regional Level ပြိုင်ပွဲအား ဒီဇင်ဘာလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ Online မှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ(၃)ဦးမှလည်း ရန်ကုန်မြို့၊ ပြည်လမ်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ စတူဒီယိုခန်းမမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြိုင်ပွဲအတွက် ဒေသတွင်းနိုင်ငံများဖြင့် ချိတ်ဆက်ကာ ကြိုတင်လေ့ကျင့် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
#MRTV


