၁၆ ဒီဇင်ဘာ
ဆိုက်ပရပ်စ်နိုင်ငံကို Pfizer-BioNTec ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ဇန်နဝါရီတွင် ရောက်ရှိမယ်လို့ မျှော်လင့်ကြောင်း တာဝန်ရှိသူတွေအင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဉရောပသမဂ္ဂရဲ့ ခွင့်ပြုမိန့်နဲ့ ဖြန့်ချိရေးစနစ်အရ ကာကွယ်ဆေးတွေဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ ရောက်ရှိမယ်လို့ ဆိုက်ပရပ်စ်အစိုးရအဖွဲ့က မျှော်လင့်ခဲ့ပေမယ့် အခုတော့ အချိန်ဇယားတွေက အပြောင်းအလဲဖြစ်သွားကြောင်း သိရပါတယ်။
ဆေးဝါးဖြန့်ချိဌာနရဲ့ ဒုတိယအကြီးအကဲ အိုဂါ ကာလာတုတာက Pfizer-BioNTec ထုတ် ကာကွယ်ဆေးတွေဟာ ပထမအသုတ်အနေနဲ့ ဇန်နဝါရီလမှာ ရောက်ရှိမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။
ကာကွယ်ဆေးအား ဦးစားပေးအနေနဲ့ ဆေးရုံဝန်ထမ်းတွေ၊ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်သူတွေနဲ့ တခြားရောဂါရှိသူတွေအား ထိုးနှံပေးမယ်လို့ သိရပါတယ်။
ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရေးအစီစဉ်ဟာ လူတိုင်းထိုးရမယ့် အစီအစဉ်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံက ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၇ ခုဖြစ်တဲ့ AstraZeneca၊ Pfizer-BioNTech၊ Sanofi-GSK၊ CureVac၊ Moderna, Novavax နဲ့ Janssen တို့မှ ဆေးအလုံးရေ ၃ သန်းနီးပါးကို မှာကြားထားကြောင်း သိရပါတယ်။
Janssen ထုတ် ကာကွယ်ဆေးမှလွဲပြီး တခြားဆေးကုမ္ပဏီထုတ် ကာကွယ်ဆေးတွေဟာ ဆေးနှစ်လုံးထိုးဖို့ လိုအပ်ကြောင်း သိရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုဟာ လက်တလောပိုင်းမှာ ပိုမိုဖြစ်ပွားလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရောဂါပိုးကြောင့် သေဆုံးသူ ၈၂ ဦးဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်းမှာ ဖြစ်ကြောင်း သိရပါတယ်။
လူဦးရေ ၉ သိန်းနီးပါးနေထိုင်တဲ့ ဆိုက်ပရပ်စ်နိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပေးမယ် စင်တာ ၃၈ ခုတည်ဆောက်ပြီး နေ့စဉ် လူ ၃၅၀ အား ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားပါတယ်။
MDN
ကိုးကား - AFP
