သထုံ၊ ၁၆ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ဝင်ရောက်ဖူးမြော်ခွင့် ယာယီပိတ်ထားသည့် မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား ဒီဇင်ဘာ ၁၆ ရက် နံနက်မှစတင်ကာ ပြန်လည်ဝင်ရောက်ဖူးမြော်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“အရင်ကလို အပေါက်အားလုံးတော့ မဖွင့်ဘူးပေါ့။ အများအားဖြင့် အသုံးပြုများတဲ့ မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ် ၂ ပေါက်ကို ဖွင့်ထားမယ်။ အချိန်ကတော့ မနက် ၆ နာရီက ည ၈ နာရီအထိပါ” ဟု စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
စေတီတော်ပရိဝုဏ်အား ဩဝါဒစရိယဆရာတော်ကြီများ၏ လမ်းညွှန်မိန့်ကြားချက်အရ ဖွင့်လှစ်ခြင်းဖြစ်ပြီး လာရောက်ဖူးမြော်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဝင်ထွက်ခွင့်ပြုထားသည့် အပေါက်များ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတိုင်း Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ ပြုပြီးမှ ဝင်ရောက်ဖူးမြော်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)


