နေပြည်တော်၊ ၁၆ ဒီဇင်ဘာ
COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ မိနစ် ၃၀ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။
ဒီဇင်ဘာ ၁၇ ရက် (ကြာသပတေးနေ့) ညနေတွင် Digital နည်းပညာဖြစ်သည့် E-Commerce စနစ်ကို သုံးပြီး ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းတွေ လက်တွေ့ရောင်းချ၊ ဝယ်ယူမှုအခြေအနေနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်အား Flexible Pass (Founder & CEO) ဦးထက်အောင်လတ်နှင့် ဒစ်ဂျစ်တယ်ကဝေအေဂျင်စီ (အမှုဆောင်ဥက္ကဋ္ဌ) ဒေါ်စန္ဒီစိန်သိဏ်းတို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
MRTV


