နေပြည်တော်၊ ၁၆ ဒီဇင်ဘာ

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ (ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။

 

အဆိုပါပွဲစဉ်တွင် စန္ဒရားဘိုတာထွန်းညွန့် တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် စန္ဒရားဘိုတာ ထွန်းညွန့်၊ ရဲထိုက်၊ မြတ်သူစိုး၊ ကျော်သူလင်း၊ သာလ္လာဝတီလှလှရီ၊ နှင်းရည်သန့်၊ ပန်းအိဖြူနှင့် ဇင်သူဇာထွန်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဒီဇင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်