ရှမ်းရွာသစ်၊ ၁၇ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၄၆.၃၅၀) သန်း ဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမှ တရီဖိုးခွီး-စောဖိုးခီးသို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်တွင် Box Culvert (၁၀)ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် သည့် Box Culvert (၁၀)ခု ဆောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ တရီဖိုးခွီးကျေးရွာ၊ ဝါးမီးကလားကျေးရွာ၊ ထီးဖိုးခီးကျေးရွာနှင့် စောဖိုးခီးကျေးရွာရှိ ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိသည်။
ဇင်လေး(ပြန်/ဆက်)


