လှိုင်သာယာ(အနောက်ပိုင်း)၊ ၁၇ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာ ကောင်းမွန် ရေးနှင့်  ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက်  ၂၀၂၀−၂၀၂၁ ခုနှစ် တိုင်း ဒေသကြီး ဘတ်ဂျက်ဖြင့် Box Culvert များ တည်ဆောက်လျက်ရှိရာ  ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှု့ဆောင်ရွက်ရာတွင်  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်  အမှတ်(၁၁) ရပ်ကွက်၊ အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်များတွင် မိုးတွင်းကာလ   အရည်အသွေးပြည့်မီ စေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက်  လိုအပ်သည်များကို မှာကြားခဲ့သည်။

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရေစီးရေလာကောင်းမွန် Box Culvert ၃၉ ခု  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှ သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)