စဉ့်ကိုင်၊ ၁၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပညာရေးမှူးရုံးသို့ SUNNY EXPRESS ကုမ္ပဏီမှ ကျောပိုးအိတ်များ ပေးအပ်လှူဒါန်းခဲ့ရာ အခြေခံပညာမူလတန်းကျောင်းများသို့ ဒီဇင်ဘာ ၁၇ ရက် နံနက်(၁၀)နာရီက ကျောပိုးအိတ်များ လက်၀ယ်အရောက် ဆက်လက်ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောပိုးအိတ်များ ဆက်လက်ပံ့ပိုး လှူဒါန်းရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်၊ ဦးဆန်းလွင်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးပိုင် တို့က အဖွဲ့များခွဲ၍ ကျောင်းများသို့ လက်၀ယ် အရောက်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာ/ ဆရာမများက ကျောပိုးအိတ်များကို ကျောင်းသား/ ကျောင်းသူများသို့ ဆက်လက်ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပညာရေး၀န်ကြီးဌာန တို့က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ SUNNY EXPRESS ကုမ္ပဏီမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဖွင့်ချိန်တွင် အဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်၍ ကျောပိုးအိတ်(၅၆၅၄) အိတ် ပေးအပ်လှူဒါန်းခဲ့ကြောင်းကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးထူးထူးနိုင်ထံမှ သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်ပြန်/ဆက်)


