လဟယ်၊ ၁၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၁၅ ဒသမ ၉၈၉)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း၊ လဟယ်မြို့နယ်ဘက်ခြမ်း ကျန်(၅၅/၂)မိုင်မှ (၃/၀) မိုင် (၂၃)ပေ အကျယ် မြေသားလမ်းဖောက်လုပ်ခြင်း ဆောင်ရွက်နေမှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံး (လဟယ်)မှဌာန တာ၀န်ရှိသူများက ကွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းကို စာရာမေရိမိသားစုကုမ္ပဏီက တာ၀န်ယူဖောက်လုပ်နေပြီး လုပ်ငန်း အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ အချိန်မီ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ဆေးခဲ့ပြီး လုပ်ငန်းပြီးစီးမှုအနေဖြင့် (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပြီးပါက လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ် တို့အား နေ့ချင်းခရီးသွား‌ရောက်နိုင်တော့မှာဖြစ်ပြီး ကျေးရွာ(၂၉)ရွာ၊ အိမ်‌ခြေ(၂၀၁၅)လုံး၊ လူဦးရေ (၁၀၉၉၃)ဦးရှိ ကျေးလက်နေပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမှာလည်း များစွာအထောက်အကူပြုမည့်အပြင် လူနေမှုဘ၀များ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံး(လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း ထံမှ သိရသည်။

 

မွှေးကြူဇင်

 

mdn