ကလေး၊ ၁၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီး စိုက်ပျိုးရေးစင်တာအတွင်းရှိ ဆည်တော်ဦး ကျေးရွာတွင် ကိုဗစ်-၁၉ကြောင့် စီးပွားရေးထိခိုက်မှုအပေါ် သက်သာရေးစီမံချက် (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း(RS-CS) စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးစိုးတင့်၏ လယ်ကွင်းတွင် ဒီဇင်လာလ ၁၅ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာမျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းမည့်လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင်(၉၇ဒသမ၆၆)တင်းထွက်ရှိပြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဧရာမင်း(၅၁၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


