၁၇ ဒီဇင်ဘာ

 

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ တစ်ဉီးနှင့် ထိတွေ့မှု ရှိခဲ့ပြီးနောက် ယခုအခါ သီးခြားခွဲနေထိုင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

 

 

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

 

 

လူတစ်ဉီး၏ အတွင်းရေးနှင့် ပတ်သတ်နေသည့်အတွက် ပွန်ပီယိုနှင့် အဆက်အသွယ်ရှိခဲ့သူကို မည်သူဆိုသည်ကို ဖော်ထုတ်မည် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ပွန်ပီယိုတွင် ကိုဗစ်ရောဂါ မတွေ့ရှိခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆေးဘက်အဖွဲ့က အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

 

 

ပွန်ပီယိုသည် အားလပ်ရက် တစ်ရက်အတွင်း သံတမန်မိသားစုအတွက် အလုံပိတ် အခန်းထဲ၌ ပါတီပွဲတစ်ခု ကျင်းပခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းက ဖော်ပြထားသည်။

 

 

ပွန်ပီယို သီခြားခွဲ၍ နေထိုင်ခြင်းသည် အဆို ပွဲနှင့် ဆက်နွယ်မှု ရှိမရှိကိုမူ မသိရှိရသေးပေ။

 

 

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၀၀၀၀ ကျော်ရှိပြီဖြစ်သည်။

 

 

ကပ်ရောဂါ ကာလအတွင်း ပါတီပွဲကျင်းပခဲ့ရန် ဆုံးဖြတ်ခဲ့သည့် ပွန်ပီယိုအား ကျွမ်းကျင်သူများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn