၁၇ ဒီဇင်ဘာ
တစ်ပတ်အတွင်း လူပေါင်း ၁၃၀၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးပြီးဖြစ်ကြောင်း ဗြိိတိန်အစိုးရက ပြောကြားသည်။
ဗြိတိန်နိုင်ငံက Pfizer နှင့် BioNTech တို့မှ ပူးပေါင်းထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ထိုးနှံခြင်းဖြစ်သည်။
အင်္ဂါနေ့အတွင်းက လူပေါင်း ၁၃၇၈၉၇ ဉီးကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး အများစုမှာ အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာလ ၁၆ ရက်နေ့က ကြေညာခဲ့သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အနှုတ် ၇၀ ဒီဂရီ စင်တီဂရိတ်တွင် သိုလှောင်ထားရမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးသည့် လုပ်ငန်းများကို ဆေးရုံများတွင်သာ ထိုးရန်ပြုလုပ်ခဲ့သော်လည်း ယခုသီတင်းပတ်မှစပြီး ဒေသန္တရဆေးခန်းများနှင့် သက်ကြီးဂေဟာများ၌ ကာကွယ်ဆေးများ ရရှိနိုင်ပြီဖြစ်သည်။
ကာကွယ်ဆေး ထိုးပြီးသူများသည် ဆေးထိုးပြီး သုံးပတ်အကြာတွင် နောက်တစ်ကြိမ် ထပ်မံထိုးရမည်ဖြစ်သည်။
ယခုလက်ရှိ ဗြိတိန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် AstraZeneca နှင့် Oxford တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်ထားသည့် ကာကွယ်ဆေး တစ်မျိုးကို နိုင်ငံအတွင်း စည်းမျဉ်းများနှင့်အညီ အကဲဖြတ်ပြီး ယခုနှစ်မကုန်မီ အတည်ပြုပေးဖွယ်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်