ရပ်စောက်၊ ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချူပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်စေရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲက မြို့မဈေး မြောက်ဘက်အဝင်ပေါက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များ ပူးပေါင်းကာ Mask တပ်ဆင်မှုမရှိသော လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား သတိပေးမှတ်တမ်းတွင် လက်မှတ်ရေးထိုးစေပြီး Mask များကို အခမဲ့ဝေငှပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခြင်း၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)


