ဝါရှင်တန်၊ ၁၇ ဒီဇင်ဘာ
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က လာမည့်သီတင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခံမည်ဟု အသွင်ကူးပြောင်းရေး တာဝန်ရှိသူများက ပြောသည်။
အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နှင့် ဇနီးသည်တို့က ဒီဇင်ဘာလ ၁၈ ရက်တွင် ဗိုင်းရပ်စ်ကာကွယ် ဆေး ထိုးနှံခံမည်ဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှုနှင့် ထိရောက်မှုပြသရန်၊ အမေရိကန်ပြည်သူ များကြား ယုံကြည်မှုတည်ဆောက်ရန် မိုက်ပန့်စ်နှင့်ဇနီးတို့က လူမြင်ကွင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံမည် ဟု အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒင်က ဇန်နဝါရီလ ၂၀ ရက်တွင် စတင်တာဝန်ယူချိန်၌ ဗိုင်းရပ်စ်တိုက် ဖျက်ရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။
အမေရိကန်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်းရရှိခဲ့သည့် ကိုဗစ်ကာကွယ်ဆေးများကို ဆရာဝန်များ၊ သူနာ ပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးဂေဟာ နေထိုင်သူများ၊ အစိုးရ တာဝန်ရှိသူအချို့ကို ထိုးနှံပေးမည်ဖြစ်သည်။
ယခုသီတင်းပတ်မကုန်မီ Pfizer နှင့် BioNTech SE တို့ ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေး အ လုံးရေ ၂ ဒသမ ၉ သန်း ရရှိမည်ဟု အမေရိကန် အာဏာပိုင်များက ရည်မှန်းသည်။
လက်ရှိအချိန်ထိ နိုင်ငံ့လူဦးရေ၏ ငါးရာခိုင်နှုန်းနှင့်ညီမျှသည့် အမေရိကန်ပြည်သူ ၁၆ ဒသမ ၇ သန်း ဗိုင်း ရပ်စ်ကူးစက်ခံထားရကြောင်း သိရသည်။
ကိုးကား-AFP
ဘာသာပြန်-ကျော်ထိုက်စိုး