စဉ့်ကိုင်၊  ၁၇ ဒီဇင်ဘာ

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အမှတ်(၇၄)  စက်မှုလယ်ယာစခန်းနှင့် စံပြကျေးရွာ တောင်သူများ ပူးပေါင်း၍ ကွင်းအမှတ်(၅၂) မိုးစပါး ၂၅ ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မြို့နယ်စက်မှုလယ်ယာစခန်းမှ စံပြကွင်းအမှတ်(၅၂) တောင်သူ ၁၂ ဦး၏ ဧရာမင်းမိုးစပါး ၂၅ ဧကအား ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ ရိတ်သိမ်းခြွေလှေ့ပေးခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း ၈၅ တင်းထွက်ရှိကြောင်းနှင့် ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုခဲ့ကြောင်း သိရသည်။

 

ထိုသို့ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၇၄) စက်မှုလယ်ယာစခန်းမှ တောင်သူများ စီးပွားရေးအခက်အခဲ မဖြစ်ပေါ်စေရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန်အတွက် မိုးစပါးထောက်ပံ့ပေးအပ်ခြင်း၊ ထွန်ယက် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ပေးခြင်းများကို စီးပွားရေးကုစားမှုအစီအစဉ်အရ အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်သူထံမှ သိရသည်။

 

၀င်း၀င်းသန်း(ပြန်/ဆက်)