ဒီဇင်ဘာ ၁၇
သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးများက ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(ဘင်းမ်စတက်) ထိပ်သီးအစည်းအဝေးကို လာမည့်နှစ်တွင် သီရိလင်္ကာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အတည်ပြုခဲ့ကြောင်း ဒေသတွင်း နေ့စဉ်သတင်းစာက ယမန်နေ့က ဖော်ပြခဲ့သည်။
ဘင်းမ်စတက် အဖွဲ့အစည်းတွင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံ ခုနစ်နိုင်ငံတို့ ပါဝင်သည်။ ၎င်းခုနစ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတို့ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
နောက်ဆုံး ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဩဂုတ်က နီပေါနိုင်ငံတွင် ကျင်းပခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို