နေပြည်တော်၊ ၁၇ ဒီဇင်ဘာ
မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၁၅ ရက်က ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြိုတင်သတင်းရထားသည့် ယာဉ်အမျိုးအစား/ အရောင်/ နံပါတ်တို့ အရ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မိုင်းရယ် ဘက်မှ မိုးကုတ်ဘက်သို့ ဆန်းကျော်ဦး မောင်းနှင်လာသည့် ISUZU ၆ ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား မိုင်းရယ်မှ မိုးကုတ်သို့ သယ်ဆောင်ရာတွင် တာဝန်ခံ သယ်ဆောင်လာသည့် ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာည့် AD VAN အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့မှမောင်းနှင်သွားကြောင်း သိရသဖြင့် ဆက်လက်စိစစ်ရန် ညနေ ၆ နာရီခန့်တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး၊ ဆန်းမင်းနိုင်၊ စိုင်းမင်းသူ တို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်းနှင့် စိုင်းမင်းသူ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်၁၃ ရက်က စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁၂,၀၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၂ ကီလို ဖမ်းဆီး ရမိသည့် အမှုမှ ၎င်းမူးယစ်ဆေးဝါးများ သယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)