ဟုမ္မလင်း၊၁၇  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွန်ချက်နှင့် အညီ နှာခေါင်စည်း (mask) မတပ်ဘဲ နေအိမ်ပြင်ပထွက်လာသူများကို ဟုမ္မလင်းမြို့နယ် COVID -19 ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ယနေ့နံနက် ၉ နာရီက ဟုမ္မလင်း (ကမ်းနားလမ်းတွင်) အရေးယူဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း (mask) တပ်ဆင်မှုမရှိသူ ၃၀ ဦးကို တစ်ဦးလျှင် မြို့နယ်တရားရုံး ဒဏ်ကြေး ငွေကျပ် ၁၅၀ နှင့် mask တစ်ခုလျှင် ၅၀ ကျပ် ပေးဆောင်စေ၍ တပ်ဆင်ပေးဆောင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ နှာခေါင်းစည်း (mask) မတပ်ဘဲနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းကို ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)