သိန္နီ၊ ၁၇ ဒီဇင်ဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ရပ်ကွက်(၃) အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မဂ္ဂင်လမ်း (သူဇာလမ်းနှင့်ဂန္ဓမာလမ်းကြား)၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေ (ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါ၀င်ကာ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ရပ်ကွက်(၃)အတွင်းရှိပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အလျား ၅၄၂ပေ၊ အကျယ်ပေ-၁၂ပေ၊ ထုပေ-၉ လက်မဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ် ၉၄၁၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
ဖိုးချို(ပြန်- ဆက်)


