နေပြည်တော်၊ ၁၇ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ်(၁၉၆ ဒသမ ၀၉၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် သမိန်ဒွတ်-ခရင်း-ကညင် ကတိုက်ကျေးရွာ ချင်းဆက်လမ်း (၁/၆)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း (၂၅ ရာခိုင်နှုန်း) ကျော် ဆောင်ရွက်ပြီးကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့် တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါလမ်းမှာ ကျေးရွာ (၁၄)ရွာ၊ အိမ်ခြေ(၂၁၇၀)၊ လူဦးရေ(၁၃၆၃၅)ဦးအား အကျိုးပြုသည့် လမ်းပိုင်းဖြစ်ပြီး ဖောက်လုပ်ပြီးစီးပါက ကျေးရွာနေဒေသခံပြည်သူများ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် အကျိုးကျေးဇူးများရရှိမည့်အပြင် ဒေသအတွင်းရှိ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာကာ လူနေမှုအဆင့်အတန်းလည်း ယခင်ကထက် ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်လမ်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ခင်ချိုဆင့် (ကော့ကရိတ်)


