အမ်း၊ ၁၇ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ရပ်နားထားသည့် ပြည်တွင်းမြန်မာအမျိုးသားလေကြောင်းခရီးစဉ်အား ဒီဇင်ဘာ(၂၁)ရက်မှစတင်၍ တစ်ပတ်လျှင် တစ်ရက် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်၍ လာမည့်လများတွင် အမ်းမြို့မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်ကိုပြောင်းလဲမှုရှိနိုင်ကြောင်း အမ်းမြို့မြန်မာအမျိုးသားလေကြောင်းလိုင်း ကိုယ်စားလှယ်ဌာနခွဲ တာဝန်ခံ ဦးကျော်ဌေးထံမှ သိရှိရသည်။

 

ထိုသို့လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ လေကြောင်းခရီးစဉ်တွင် လိုက်ပါကြမည့် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် မိတ္တူ၊ ပတ်စပို့ဓါတ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူများ ယူဆောင်ကာ တစ်ရက်ကြိုတင်၍ အမှတ်(၃)စျေးရပ်ကွက်၊ ဓမ္မရက္ခိတ ဘုရားကုန်း ဓမ္မာရုံ၌ နေ့လယ်(၁)နာရီမှ(၄)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးသွားမည်။ စစ်ဆေးရာတွင် (၁၅)မိနစ်အတွင်းအဖြေသိရှိနိုင်သည့် Standard Q စနစ်ဖြင့် စစ်ဆေးပေးမည်ဖြစ်၍ လူတစ်ဦးလျှင် ငွေကျပ်တစ်သောင်းကျပ် ကျခံရမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးထံမှ သိရသည်။

 

အမ်း၊ စစ်တွေမှ ရန်ကုန်မြို့သို့  ဒီဇင်ဘာလ(၂၁)ရက်မှစ၍ အပတ်စဉ်တနင်္လာနေ့တိုင်း စတင်ပျံသန်းပြေးဆွဲ တော့မည်ဖြစ်ရာ လာမည့်လများတွင် အမ်းမြို့နယ်၌ ပြည်တွင်းမြန်မာအမျိုးသားလေကြောင်းခရီးစဉ် ပြောင်းလဲမှုရှိလာနိုင်ကြောင်း သိရသည်။

 

စိုးမင်းထွန်း(မြို့နယ်ပြန်/ဆက်)

 

mdn