ချောင်းဦး၊ ၁၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မှူး ဦးဝင်းအောင်ခိုင်နှင့်အဖွဲ့သည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) အစီအစဉ်ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းအတိုးရငွေ၏ (၅၀%) ဖြင့်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာ လမ်းဖြစ်မြောက်ရေးကော်မတီတို့မှ ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
MDN


