ပုသိမ်၊ ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ဝန်ထမ်းများသည် ပုသိမ်မြို့နယ် ထိန်တန်းချောင်း၊ ဖရဲချောင်းများနှင့် လက်ပန်ကျေးရွာ၊ ရွှေတွင်းတူးကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ မြင်းကကွင်းကျေးရွာ၊ ရွှေလေးချောင်ကျေးရွာ၊ ပိန်ညှင်း ကွင်းကျေးရွာများသို့ ကွင်းဆင်းသွားရောက် ကွင်းဆင်းခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ရေလုပ်သားများ၊ တာဝန်ခံ အပါအဝင်၊ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ငါးဖမ်းကိရိယာ လိုင်စင်များရယူ၍ စည်းကမ်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရန်၊ ဌာနမှသတ်မှတ်ထားသော ငါးဖမ်းပိုက်ကွက်များဖြင့် စနစ်တကျ လုပ်ကိုင်ရန်နှင့် တရားမဝင်ငါးဖမ်းဆီးခြင်းများ ဖြစ်သော ဘတ္ထရီရှော့တိုက်ခြင်း၊ ဆေးအဆိပ်ချ ငါးဖမ်းခြင်းများ မရှိစေရေးအတွက် အသိပညာပေး ပိုစတာများ ပေးဝေခြင်းနှင့် ရေလုပ်သားများ အနေဖြင့် COVID-19 ကပ်ရောဂါမှ ကာကွယ်ရေး၊ ကျန်းမာရေး နှင့်ညီညွတ်စေရန် mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
MDN


