ရန်ကုန်၊ ၁၇ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် 66 KV ၊ 33 KV ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၏ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော 11 KV ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့်လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၈ ရက်နေ့ (သောကြာနေ့) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းမတော်၊ လှည်းကူး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါရက်၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးပန်ကြားသည်။
#YESC-CallCenter


