၁၈ ဒီဇင်ဘာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်နှင့် မကြာသေးမီက ထိတွေ့မှုရှိခဲ့သည့် ဉရောပခေါင်းဆောင်များက သီးခြားခွဲနေထိုင်လျက်ရှိသည်။
ပြင်သစ်သမ္မတ မက်ခရွန် အစောပိုင်းတွင် ကိုဗစ်-၁၉ လက္ခာဏာများ ပြသခဲ့ပြီးနောက် PCR ဖြင့် စမ်းသပ်ခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ယမန်နေ့က ကြေညာခဲ့သည်။
ပြင်သစ်သမ္မတသည် တစ်ပတ်ကြာ သီးခြားခွဲနေထိုင်မည်ဖြစ်ပြီး ၎င်း၏ တာဝန်များကို နေအိမ်မှ ထမ်းဆောင်မည်ဟု သိရသည်။
မက်ခရွန်နှင့် ထိတွေ့မှုရှိခဲ့သည့် ဉရောပခေါင်းဆောင်များက သီးခြားခွဲနေထိုင်လျက်ရှိသည်။
အဆိုပါ သီးခြားခွဲနေထိုင်သည့် ခေါင်းဆောင်များမှာ စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်၊ ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယိုကော့စတာနှင့် ဉရောပကောင်စီဉက္ကဉ ချားလ်မိုက်ကယ်တို့လည်း ပါဝင်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
