သံဖြူဇရပ်၊ ၁၈ ဒီဇင်ဘာ
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးလင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ကန်များထားရှိမှု အခြေအနေ၊ မော်တော်ယာဉ်များ ဆီဖြည့်စဉ် လိုက်နာရမည့်အချက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသိပေးပြောကြားသည်။
အေးအေးသီ(ပြန်/ဆက်)


