သံတောင်ကြီး၊ ၁၈ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ ပံ့ပိုးကူညီမှုဖြင့် လူထု ကျန်းမာရေးလုပ်သား မွမ်းမံသင်တန်းကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သင်ကြားသည်။
အဆိုပါသင်တန်းကို ကိုယ်ဝန်ဆောင်မိခင်များနှင့် (၅)နှစ်အောက် ကလေးငယ်များအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများ၌ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေး အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးနိုင်ရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ဆောင်မှုများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ပြောပြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦးတက်ရောက်ပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


